ပညာပန်းတိုင်

Topic: ရင်တွင်းခံစားချက်လေးများ| 1 Comment »

Photobucket

သုံးနှစ်သုံးမိုး ပညာတန်ဖိုး ဆည်းပူးဖွေရှာ

လွန်မြောက်လာကာ

ပန်းတိုင်တစ်ခု

ခိုင်ခိုင်စိုက်ထူနိုင်ခဲ့ပြီ …

လမ်းပြပေးသော ဖေမေမိဘ

ကျေးဇူးကမ္ဘာ တင်ပါရစေ …

အားပေးဖေးကူ ချစ်ကြင်နာသူ ချစ်သူကို ကို

ကျေးဇူးစကားဆိုပါရစေ …

ရှေ့ဆက်ရမည့် လမ်းခရီးတွင်

ချစ်သောသူနှင့်တူယှဉ်လှမ်းရင်း ဖေမေကျေးဇူး တတ်စွမ်းသမျှ ဆပ်ပါရစေ …

ပြည်တော်ပြန်

Topic: ရင်တွင်းခံစားချက်လေးများ| 1 Comment »

ချစ်သူရေ

ပြည်တော်အပြန်

လက်ပြနှုတ်ဆက် လှည့်အထွက်မှာ

ကိုယ့်အလွမ်းတွေမင်းထံပါးမှာ ကပ်ငြိတွယ်သွားရပြီ …

အမိမြေကို ပြန်သောလမ်းမို့ ချစ်ရသူအတွက် ၀မ်းသာရငြား

ခွဲခွာရချိန်မို့ လွမ်းမိတယ်ချစ်သူ ကို …

ခဏတာလေးမို့ အားတင်းသော်လည်း

စိတ်အစဉ်က ချစ်သူထံပါးတ၀ဲလည်လည် …

ချစ်သူ ဂရုစိုက်နော်

တဖွဖွမှာတဲ့ ကို့စကားသံကို နားထဲမှာ စွဲနေပါတယ်…

မင်းကိုယ့်ထံပါးမှာ ခဏဝေးနေလည်း

ကိုယ်ချစ်ခြင်းက မင်းတစ်ယောက်တည်းအတွက်သာ ချစ်သူ …

မိသားစုရဲ့ ရင်ခွင်ခိုလှုံရခိုက် ပျော်ရွှင်ချမ်းမြေ့ စိတ်ကြည်နူးရစေကြောင်း

ဆုမွန်တောင်းပါတယ် ချစ်သူ …

မဝေးလှတဲ့ ကာလတစ်ခုမှာ အမိမြေမှာ ပြန်ဆုံရမှာမို့

ချစ်သူရေ ခုတော့ အလွမ်းတွေ ရင်မှာအပြည့်နဲ့

ရပ်ဝေးမြေခြားမှာ အချိန်တွေကို လက်ချိုးရေရင်း

အားတင်းစောင့်စား နေရပါဦးမယ် …

Mission complete!

Topic: စာစုလေးများ| 3 Comments »

မိုးလေးတစ်ဖွဲဖွဲနှင့် ၂၀၀၆ စက်တင်ဘာလ ၆ ရက်နေ့ပေါ့။ မှတ်မိပါသေးတယ် အားမာန်အပြည့်နဲ့ စိတ်ဓါတ်တွေတင်း ပညာသင်ရန် ဒီနိုင်ငံ လေဆိပ်ကို ရောက်ပြီး အူလည်လည်နဲ့ မမြင်ဘူးတာတွေ ကြည့်ပြီး အထူးအဆန်းတွေ မြင်နေတဲ့ပုံတွေ။

ဘာသာစကားမတူ၊ ယဉ်ကျေးမူမတူ၊ ရာသီဥတုမတူညီ၊ အမိနိုင်ငံနဲ့ အရမ်းဝေးတဲ့ ဒီနိုင်ငံမှာ ငါ နေနိုင်ပါ့မလား လို့် ကိုယ့်ကိုကို ပြန်မေးကြည့်တာ အခါခါ။ ဘာပဲဖြစ်ဖြစ် ရွှေးချယ်ပြီးတဲ့ လမ်းတစ်ခုကို အရူံးပေးပြီး နောက်မဆုတ်ချင်တာတော့ ကျွန်တော့် အတ္တလား၊ မာနလား၊ ၀ါသနာလားတော့ မသိဘူး။ နိုင်ငံအတွက်၊ မိဘအတွက်၊ မိမိအတွက် ဖြစ်ကိုဖြစ်ရမယ်လို့ ကိုယ့်ကိုကို အားပေးတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူး။ တော်သေးတယ် အားပေးဖော်တစ်ယောက်ရှိလို့။ ကျေးဇူးတင်ပါတယ် ကောင်မလေး ရယ်။

ကြိုးစားခဲ့သမျှ အရာထင်တယ်တယ်လို့ပဲပြောရမလား၊ ကံကောင်းတယ်လို့ပဲဆိုရမလား၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကပဲကောင်းတယ်လို့ပြောရမလား၊ ကိုယ့်ကိုကိုပဲ ငါတော်လိုက်တာလို့ ချီးကျူးရမလား မသိတော့ဘူး၊ အခုတော့ ကျွန်တော် ဘွဲ့တစ်ခုကိုရယူနိုင်ခဲ့ပါပြီ။

ကျေးဇူးတင်ပါတယ် နိုင်ငံတော်ကြီး၊ မိဘနှစ်ပါး၊ ဆရာ၊ဆရာမများ၊ သူငယ်ချင်းများ နှင့် ကျွန်တော်ချစ်သော ကောင်မလေး။

Happy fathers’ day

Topic: ရင်တွင်းခံစားချက်လေးများ| 1 Comment »

ဖေဖေ …

လောကကြီးထဲကို စတင်ဝင်ရောက်စကပင်

ထိခိုက်လဲပြိုခြင်းများမှ ဝေးအောင် ကာကွယ်ပေးသော ဖေဖေ

ကလေးဘ၀က ပထမဆုံးခြေလှမ်းအစမှ ရှေ့ဆက်လှမ်းနိုင်ရန် အားပေးခဲ့သော ဖေဖေ

မိသားစုအသိုက်အမြုံကို တည်မြဲအောင်ဦးဆောင် တည်ထောင်ပေးသော ဖေဖေ

လောကလမ်းကို တည့်တည့်မတ်မတ်လျှောက်လှမ်းတတ်ဖို့ လမ်းပြပေးသောဖေဖေ

သားသမီးများကို ကိုယ်တိုင်စံနမူနာပြ ဆုံးမသွန်သင်ပေးသော ဖေဖေ

ဘ၀၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ လျှောက်ရမည့်လမ်းကိုပါ လမ်းညွှန်ပေးသော ဖေဖေ

ခက်ခဲအတားအဆီးများ ကြုံရတိုင်း အားမလျော့ဘဲ ဆက်လျှောက်နိုင်ရန် အားပေးခဲ့သော ဖေဖေ

ဖေဖေ … ဖွဲ့ဆို၍ မကုန်နိုင်သော ဖေဖေမေတ္တာ ကျေးဇူးတရားများ ကို ကုန်စင်အောင်ရေးဖွဲ့ဖို့ရာ မစွမ်းသာပါ ….

ဖေဖေ ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းသာပါစေ ဖေဖေ

လောကတစ်ခွင်လုံးမှာ ရှိကြသော သားသမီးများ၏ ဖခင်တစ်ဦးတစ်ယောက်စီတိုင်း စိတ်ရော ကိုယ်ပါချမ်းမြေ့ရွှင်လမ်းကြပါစေ

…….

Topic: ကဗျာ| No Comments »

ငယ်ငယ်တုံးက ကြည့်ဖူးခဲ့

တစ်ခုသော ဇာတ်လမ်းမှာ

စွန်းဝူခုန်းမျောက်မင်းက အနောက်ကို ခရီးသွားခဲ့ …

လွင်မိုးကလည်း ချင်းတောင်တန်းကိုတက်

မြိတ်ကျွန်းစုကို ခရီးဆက်

ဆလုံတွေရှိရာ ခြေဆန့်လို့

မြန်မာရေမြေအလှ ဝေမျှခဲ့တယ် …

ချစ်သူရေ

မင်းကလည်း

ခရီးတိုလေးတစ်ခု သွားနေခဲ့

သွားရာလမ်းမှာ

ခြေအလှမ်းတိုင်း ဖ၀ါးထပ်ချပ် ကိုယ်မပါနိုင်ပေမယ့်

ကို့ချစ်ခြင်းများ မင်းထံပါးမှာ အမြဲရှိဆဲပါ ချစ်သူ

သွားရာလမ်းမှာ စိတ်ချမ်းမြေ့ကာ ဆူးညောင့်ခလုတ် ကင်းပါစေ….

စိတ်ရွှင်ကြည်နူး ပြည့်ပါစေ…